ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးအခမ်းအနားကျင်းပ

ထားဝယ်  မတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိ ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမ ဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း က မိတ်ဆက်စကားနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် မူဝါဒလုပ်ငန်းစဉ်အား ရှင်းလင်းပြောကြားကာ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင် ဒေါ်ထက်ထက် အောင်က လုပ်ငန်းအစီရင်ခံစာအားဖတ်ကြားသည်။

ထို့နောက် အမှုဆောင် ဒေါ်နီလာအောင်က ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြားပြီး ဒါရိုက်တာအဖွဲ့ ၏လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာ ရေးရှင်းတမ်းအား အတည်ပြုချက်ရယူကာ အသင်းသား/သူများ ၏အကြံပြုချက်ကိုရယူ၍ သဘာပတိ ဒေါ်အေးအေးခိုင်က လမ်းညွှန်အမှာ စကားပြောကြားခဲ့ ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)