ပုလော မတ် ၁
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာအား ဆေးရုံး ဆင်းခွင့်ပြုရန် သတ်မှတ် ချက်များ (Version-7) ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပုလောမြို့နယ် အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာများရှိလာပြီဖြစ်ရာ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ် ၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဆရာဝန်ကြီး ဒေါက်တာပြုံးချိုက ကိုဗစ်-၁၉ ရောဂါ လက္ခဏာမရှိသူများ၊ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာသာမန် (သို့) အသင့်အတင့်ရောဂါ လက္ခဏာရှိသည့် လူနာများ၊ ပြင်းထန်သောရောဂါ လက္ခဏာရှိသည့် လူနာများ(သို့) အသဲအသန် လူနာများ(သို့) ကိုယ်ခံအားကျဆင်း နေသူများကို အတွင်းလူနာဖြင့် အနည်းဆုံး (၂၁) ရက်ထားရှိရမည် ဖြစ်ကြောင်း ၊ ရောဂါအခံရှိသူများ အသက် (၆၀) အထက် အသက်ကြီးရွယ်အိုများနေအိမ်၌ သက်ကြီးရွယ်အိုရှိသူများနေအိမ်၌ သီးသန့်နေထိုင်ရန် သတ်မှတ်ချက်များနှင့် အညီ နေထိုင်နိုင်သည့် အခြေအနေမရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး ၁၄ ရက်ပြည့် မြောက်ပြီးသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများ၊ အကြိမ်ပြည့် မထိုးနှံရသေးသူများ၊ ကာကွယ်ဆေး အကြိ်မ်ပြည့်ထိုးနှံပြီး ၁၄ ရက် မပြည့်သေးသူများ စသည့် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ အား ဆေးရုံးဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ (Version-7) ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းရာ တက်ရောက်လာကြ သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလောပြန်/ဆက်)