ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်းဝင်း ပုသိမ်မြို့၊ သူနာပြုသင်တန်းကျောင်း သစ်လွင်သူနာပြုများ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပုသိမ်မြို့၊ သူနာပြုသင်တန်းကျောင်း သစ်လွင်သူနာပြု ခန့်အပ်လွှာပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊   သစ်လွင်သူနာပြုများ တက်ရောက်ခဲ့ကြသည်။ 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြားရာ သစ်လွင်သူနာပြုများသည် တိုင်းဒေသကြီးအတွက် အားထားရတဲ့ သူနာပြု ဆရာ၊ ဆရာမများဖြစ်ပြီး နိုင်ငံအတွက် အားကိုး အားထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မွေးထုတ်ပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူး အထူး တင်ရှိပါကြောင်း၊ သူနာပြု-သားဖွားများဟာ ပင်ကိုယ်သဘာဝ စိတ်ရောကိုယ်ပါ ဖြူစင်သူများ၊ နူးညံ့သိမ်မွေ့သူများ၊ ယဉ်ကျေးပျူငှာသူများ ဖြစ်ကြတဲ့အတွက်  မလိုလားအပ်သူ တို့ရဲ့အရောင်ဆိုးမှု ကို ခံရတတ်၍ ဂါရဝတရား၊ နိဝါတတရားများ မပျက်ပြားလေအောင် ဆရာ သမားများ၊ အကြီး အကဲများ၊ သူနာပြုနှင့် သားဖွား တာဝန်ရှိသူများက သတိရှိရှိဖြင့် ထိန်းသိမ်းကြပ်မတ်ပေးခြင်းကို နာခံရန်လိုအပ်ပါကြောင်း၊ သူနာပြု-သားဖွားများကလည်း ပြည်သူ့နီတိ ကျင့်စဉ်များကို မမေ့မလျော့ အသိရှိရှိဖြင့် ကျင့်သုံးလိုက်နာနေထိုင်ကြပြီး တာဝန်ကျရာဒေသများတွင်လည်း မိမိတို့၏ တာဝန် ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သစ်လွင်သူနာပြု(၃၇)ဦးအား ခန့်အပ်လွှာများနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ သစ်လွင်သူနာပြုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်ဆက်)