ဟားခါး မတ် ၁
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အောင်ပွဲ ကံစမ်းမဲဖောက်ပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ထိုသို့ကျင်းပပြုလုပ်သည့် ကံစမ်းမဲဖောက်ပွဲ ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့သည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ပွဲဖြစ်မြောက်အောင် ပူးပေါင်းပါဝင်ကြသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အသိအမှတ်ပြုသည့် အနေဖြင့် စီစဉ်ကျင်းပခြင်းဖြစ် ကြောင်း၊ ချင်းပြည်နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ချင်းအမျိုးသားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့သလို ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆထက်တပိုး စည်းစည်းလုံးလုံးဖြင့် ဆက်လက်ကြိုးစားဆောင်ရွက်ရန် အမှာစကားပြောကြားသည်။
ယင်းနောက် ကံစမ်းမဲဖောက်ခြင်းအစီအစဉ် ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အလှူရှင်များမှ ကံစမ်းမဲဖောက်ပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ဗလာမပါ ကံစမ်းမဲဖောက်ခြင်း ဆက်လက်ပြုလုပ်ကြသည်။
ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ်ကံစမ်းမဲဖောက် ခြင်းတွင် အထူးဆုအဖြစ် သိန်း ၅၀၊ ဗလာမပါကံစမ်းမဲအတွက် သိန်း ၅၀၊ ပေါင်း သိန်း ၁၀၀ ကံစမ်းမဲ ဖောက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)