ပြည် ဖေဖေါ်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သူနာပြုသင်တန်းကျောင်း သုံးထပ်ဆောင်ခန်းမသစ်၌ ယနေ့နံနက် ၉ နာရီအချိန်က သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားတွင် ရှေးဦးစွာကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက Virtual ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟ၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ပြည်ခုတင်(၅၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးနှင့် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးတို့က သစ်လွင်သူနာပြုကျောင်းသား၊ ကျောင်းသူ(၅၀)ကျော်ထံ သူနာပြုခန့်အပ်လွှာများ ပေးအပ် ချီးမြင့်ခဲ့ပြီး သင်တန်းသား/သူများကိုယ်စား သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မင်းမင်းစိုး ပြန်/ဆက်