ပိုင်ကျုံမြို့ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် လမ်းပေါ်တွင် (18.3m)အရှည် သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးလျက်ရှိ

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုး တိုးတက်စေ‌ရေး၊ လူနေမှုဘဝတိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် ဆက်သွယ်ထား သည့် လမ်းပေါ်တွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တံတားအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခန့်မှန်းတန်ဖိုးငွေကျပ်(၄၃၀)သန်းဖြင့် ကျခံတည်ဆောက်ပေးလျက်ရှိပြီး အရှည်(18.3m)ရှိ တံတားအား၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင် အထည်‌ဖော် တည်ဆောက်ပေးလျက်ရှိကြောင်း၊ ယင်းလုပ်ငန်းကို တံတားအထူးအဖွဲ့ အမှတ်(၁၄)မှ တာဝန်ရှိသူတို့က တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းတံတားတည်‌ဆောက်ခြင်း လုပ်ငန်းပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသနေပြည်သူများအနေဖြင့် သွားရေးလာရေးတွင် ယခင် ကထက် ပိုမိုအဆင်‌ပြေလာမည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအရပ်ရပ်များ ဆောင်ရွက်ရာတွင် ဥတုသုံးပါးစလုံး အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး