ပြည်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၌  Social Media အသုံးပြုမှု ဆိုင်ရာ ရက်တိုသင်တန်းဖွင့်လှစ်

ပြည် ဖေဖော်ဝါရီ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၉ နာရီက Social Media အသုံးပြုမှုဆိုင်ရာ ရက်တိုသင်တန်းဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  Gmail, Email အသုံးပြုနည်း၊  Zoom account ဖွင့်နည်း၊ Zoom Application အသုံးပြုနည်းအဆင့်ဆင့်နှင့် Zoom meeting Host အဖြစ်ဆောင်ရွက်နည်း၊  Telegram  အသုံးပြု၍ account ဖွင့်နည်းနှင့် Telegram ဖြင့်ကိုယ်ပိုင် Channel ဖွင့်လှစ်၍ သတင်းတင်နည်း၊ သတင်းဌာန Websiteများ၊ Linkများနှင့် ချိတ်ဆက်ဆောင်ရွက်နည်း စသည့် နည်းပညာရပ်တို့ကို Projector, Laptop နှင့် Smart phone တို့ဖြင့် စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချသည်။

အဆိုပါ ဆွေးနွေးပို့ချချက်များကို တက်ရောက်လာသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်ခရိုင် ခြောက်မြို့နယ်မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၁၅)ဦးတို့က လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး  သင်တန်းသား/ သင်တန်းသူ များ၏ သိရှိလိုသည့် အချက်များနှင့် လက်တွေ့ လုပ်ဆောင်ရမည့် အချက်များကို ပြည်ခရိုင် ဦးစီးမှူးက အသေးစိတ် ပြန်လည် ဆွေးနွေးပို့ချပေးပြီး  သင်တန်းကာလ နှစ်ရက်ကြာ‌ ဆွေးနွေးပို့ချမည် ဖြစ်ကြောင်းသိရသည်။

ကိုဆက် (ပြန်/ဆက်)