ငဖဲမြို့နယ်ရဲစခန်းများအတွင်း အချုပ်ကျနေသည့် အကျဉ်းသား၊အကျဉ်းသူ (၅၅)ဦးအား နေ့လယ်စာ ထမင်း၊ဟင်းများ လှူဒါန်း

ငဖဲ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင်နှင့် ဝန်ထမ်းမိသားစုများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းဝန်းများ အတွင်း အချုပ်ကျနေသည့် အကျဉ်းသူ၊အကျဉ်းသား (၅၅)ဦးအား နေ့လယ်စာ ထမင်း၊ဟင်းများကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အချုပ်စခန်းများသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ် ရေးမှူးဦးအောင်သိန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းမိသားစုများ သွားရောက်ကာ ငဖဲမြို့မ စခန်းဝန်းအတွင်းအချုပ်ကျနေသူ အကျဉ်းသား(၂၆)ဦးနှင့် အကျဉ်းသူ (၆) ဦး၊ပဒါန်းနယ်မြေရဲစခန်းဝန်းအတွင်း အချုပ်ကျနေသူ အကျဉ်းသား (၂၃)ဦးစုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ(၅၅)ဦး တို့အား နေ့လယ်စာအဖြစ် ထမင်း၊ဟင်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက အကျဉ်းစခန်းများအတွင်း စည်းကမ်းရှိစွာစနစ်တကျနေထိုင်ကြရန်နှင့် ကျန်းမာ ရေး ဂရုစိုက်ကြရန် အကျဉ်းသူ၊အကျဉ်းသားများအား မှာကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)