မင်းဘူး(စကု)မြို့နယ်တွင်အိုမီခရွန်‌‌ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်

မင်းဘူး ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း ကိုယနေ့နံနက် ၉ နာရီအချိန်က လက်ခုတ်ပင်ကျေးရွာအရောက် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှိုဆော်ရာတွင် တတ်နိုင်သမျှ နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ် ပြင်ပသို့ ထွက်ခွာရပါက နှာခေါင်းစည်း Mask များကို တပ်ဆင်ကြရန်၊ အပြင်မှပြန် လာသည့်အခါနှင့်  ပစ္စည်းများကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ စင်ကြယ်စွာ ဆေးကြော ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးပါက သတ်မှတ် ဆေးထိုး စုရပ်များတွင် မပျက်မကွက် ထိုးနှံကြရန်နှင့် မိဘပြည်သူများအနေဖြင့် မြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကို နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)