မြန်အောင် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ငါးဘတ်ကျ ကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းဘေး ကွင်းအမှတ် (၃၆၆) ရှိ ရေနံချက်ဖိုများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်က မြို့နယ်မီးသတ် ဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုသူနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရေနံ ချက်ဖို (၅) ခုတွင် လုပ်ငန်းခွင်မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိမှု၊ မီးသတ်ပိုက်များ တပ်ဆင်ထားရှိမှု အခြေအနေ၊ လောင်စာဆီများ စနစ်တကျ သိုလှောင်ထားရှိမှု ရှိ/မရှိ၊ ရေနံချက်ဖိုများ မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုခြင်း ရှိ/မရှိတို့အား ကြည့်ရှု စစ်ဆေး၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များ ကို ရေနံချက်ဖိုများမှ တာဝန်ရှိသူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)