ဟင်္သာတတက္ကသိုလ်၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

ဟင်္သာတ ဖေဖေါ်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများကက ယနေ့ နံနက် ၉ နာရီချိန်တွင် ပန်းခင်းစီမံချက်ဖြင့် ဟင်္သာတတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မှီခိုသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကတ်ပြားများပေးအပ်ပွဲသို့ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သိင်္ဂိရွှေနှင့် တာဝန်ရှိသူများ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုများ တက်ရောက်ခဲ့ပြီး  မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးမြင့်အောင်မှ “ မိမိတို့ လဝက ဝန်ထမ်းများ အနေဖြင့် ၂၀၂၁ မေ ၃ ရက်နေ့မှ စတင်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ပန်းခင်း စီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်များသည် ပြည်သူများအတွက် မရှိမဖြစ် ကိုင်ဆောင်သင့်ကြောင်း၊ မိမိတို့အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ခရီးလွန်၊ ဝန်ထမ်း၊ သာသနာနွယ်ဝင်နှင့် သေဆုံးသူများအပ မြေပြင်တွင် မကျန်ရှိအောင် စိစစ်ဆောင်ရွက် ပေးနေကြောင်း၊ ဟင်္သာတမြို့နယ်အတွင်းနေထိုင်သည့် မည်သူကိုမဆို ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိရေး မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေကြောင်း ၊ လိုအပ်သည့်အခက် အခဲများရှိပါက မိမိတို့ဌာနများသို့ ဆက်သွယ်ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုလို ကွင်းဆင်းဆောင်ရွက်ရာတွင် ဟင်္သာတတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက  တက်ညီလက်ညီ ကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကတ်ပြားများ ပျက်ဆီးပျောက်ဆုံးမှု မရှိစေရေး ´´ဂရုပြု ထိန်းသိမ်း ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကတ်ပြားများကို တာဝန်ရှိ သူများက ပေးအပ်ခဲ့ကြသည်။

ပန်းခင်းစီမံချက်ဖြင့် ဟင်္သာတတက္ကသိုလ်ရှိ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ မှီခိုသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃(က) ၊ ၆(က) ၊ လဲလှယ်၊ မိတ္တူ တို့ကို ကျား(၄၂)ဦး၊ မ (၁၁၇)ဦး စုစုပေါင်း ၁၅၉ ဦးတို့အား  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဟင်္သာတမြို့နယ် အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့အထိ အိမ်ထောင်စု ၄၆၈၄ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၅၇၅ဦး ကိုပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် လဝကမှူး ဦးမျိုးဝင်းအောင်ထံမှ သိရသည်။

ကိုဇော် (ဟင်္သာတ )