မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးစိုပိုင်မြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

နတ်​မောက် ဖေဖော်ဝါရီ   ၂၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးစိုးပိုင်မြင့် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နေ့လယ် (၃) နာရီအချိန်ခန့်က နတ်မောက် မြို့နယ် ရွာမွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန တိုင်းဒေသ ကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နတ်မောက်မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိနှင့်ဌာနဆိုင်ရာ အကြီးအကဲများက ရွာမွန်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင် ပညာသင်ကြားနေသော အသက် (၁၀) နှစ်ပြည့် ကျောင်းသား/သူ ၆၂ ဦးအား နိုင်ငံသား စစ်ဆေးကတ်ပြားများ ပြုလုပ်နေမှုကိုကြည့်ရှုခဲ့ပြီး ကျောင်းသား/သူများ တက္ကသိုဝင်စာမေးပွဲကို စိတ်အေးချမ်း သာယာစွာ ဖြေဆိုနိုင်ရေးနှင့် ပညာရေးကိုအလေးထားဆောင်ရွင်စေလိုကြောင်း​ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးစိုးပိုင်မြင့်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန နတ်မောက်မြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများအား လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းပြီး ဝန်ထမ်းများ အနေဖြင့် ပန်းခင်းစီမံချက်များအား လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး ပြည်သူများအား နိုင်ငံသားစစ် ဆေးရေးကတ်ပြားများကို ဆက်လက်ပြုလုပ်ပေးရာတွင် စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

လှဝင်း