မုံရွာ ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး၏ အနီးကပ်ကြီးကြပ်မှုတို့အရ မုံရွာမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်သည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မုံရွာမြို့နယ် တောပုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆရာတော်အားဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါ တောပုကျေးရွာရှိ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှူရေး အစရှိသော လုပ်ငန်းများဖြည့်ဆည်း ဆောင်ရွက်ပေးနိုင် ရေးနှင့် ဒေသတွင်းတည်ငြိမ် အေးချမ်းစေရေး၊ လယ်ယာလုပ်ငန်းခွင်အေးချမ်းသာယာစွာစိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့် သတင်း အမှားများအပေါ် ယုံကြည်မှုမလွန်ကဲစေရေး၊ ပညာရေးကဏ္ဍ နှောက်နှေးကြန့်ကြာ မှုမရှိစေရေး တို့အတွက် ရည်ရွယ်လျက် ပြည်သူများနှင့် တွေ့ဆုံအခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မုံရွာမြို့ နယ် တောပုကျေးရွာ ဘုန်းတော်ကြီး ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မုံရွာမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်က နိုင်ငံတော် စီမံအုပ်ရေး ကောင်စီမှ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေနိုင်သော ဥပဒေပြဋ္ဌာန်းချက်များအပေါ်ရှင်းလင်း ပြောကြားပြီးရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဖြစ်သော ပညာရေး၊ ကျန်းမာရေး အစရှိသော လုပ်ငန်းများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အခက်အခဲများ၊ လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ၍ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပေါင်းစပ် ဆောင်ရွက် နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောပု ကျေးရွာအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားနိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူ များအတွက် နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများ အပြင် မိမိတို့ဌာန များအလိုက် လုံခြုံရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား များ၊အိမ်ထောင်စုဇယားများ၊ စိုက်ပျိုးရေးကဏ္ဍ စသည် တို့နှင့် စပ်လျဉ်း၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများအတွက် လူမှုရေး၊ ကျန်းမားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့်လူမှုရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်မှုရရှိစေရေး ပူးပေါင်းဆောင်ရွက်သွား မည့်အခြေအနေ များကိုရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ တောပုကျေးရွာအတွင်းရှိ အလယ်တန်းကျောင်းအား အထက်တန်းကျောင်းအဆင့်တိုးမြှင့်ပေးရေး၊ စိုက်ပျိုးရေဖူလုံစွာ ရရှိရေးတို့ကို တင်ပြဆွေးနွေးခဲ့ရာ မုံရွာမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်က လိုအပ်မှုအခြေအနေများ အပေါ်သက်ဆိုင်ရာဌာနများနှင့် အဆင်ပြေလွယ်ကူစွာဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးနောက် မုံရွာမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလှဝင်းအောင်နှင့်အဖွဲ့က တောပုကျေးရွာပြည်သူစစ် အတွက် ဆန်၊ ဆီနှင့် စာဖွယ်မျိုးစုံတို့နှင့် သီနှံမျိုးစေ့များကို ပေးအပ်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးအခမဲ့ ဆောင်ရွက်ပေးနေမှုနှင့် တောပုကျေးရွာမှ ပြည်သူ(၂၅၀)ဦးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တာဝန်ရှိသူ များမှ ထိုးနှံပေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် တိုင်းဒေသကြီးဘတ်ဂျက်နှင့် ပြည်ထောင်စု ဘတ်ဂျက်တို့မှ ခွင့်ပြုရန်ပုံငွေများဖြင့် အလျား၅၆၂၀ပေ အနံ၁၄ပေ အမြင့် ၉လက်မရှိသော ပရစ်ကုန်း-တောပု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)