စစ်ကိုင်း ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ဆရာများ ခံယူအပ်သော သစ္စာအဓိဌာန်(၄)ချက်ကို တိုင်တည်ပေးပြီး ဘွဲ့လက်မှတ်များ အပ်နှင်းခဲ့ ပြီး အမှာစကားပြောကြားရာ လက်ရှိကာလမှာ နိုင်ငံတော်ရဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်း လဲပေးမည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဗျူဟာစီမံကိန်းသည် ဘက်စုံလွမ်းခြုံ နိုင်သော အထောက်အထားများပေါ်တွင် အခြေပြုထားသည့် လမ်းပြမြေပုံဖြစ်ကြောင်း၊ မောင်တို့/ မယ်တို့ဟာ တက္ကသိုလ်ဘွဲ့ရများပီပီ ဂုဏ်သိက္ခာနှင့်အညီ ပြောဆိုနေထိုင်ခြင်းဖြင့် အမိတက္ကသိုလ်ကြီးရဲ့ ဂုဏ် သိက္ခာမညိုးနွမ်းရအောင် ထိန်းသိမ်းကြပါ၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ/ စည်းမျဉ်း/ စည်း ကမ်းများကို လေးစားလိုက်နာတဲ့ နိုင်ငံ့သားကောင်းများ ဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြပါလို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဘွဲ့နှင်းသဘင် ပေးအပ်ပွဲတွင် မဟာပညာရေးဘွဲ့ အပတ်စဉ်(၂၁) တက်ရောက်ဘွဲ့ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ ကျောင်းသား/ ကျောင်းသူ(၃၇)ဦး၊ မာလ်တီမီဒီယာအတက်ပညာဘွဲ့ လွန်ဒီပလိုမာ (ပညာရေး) အပတ်စဉ်(၂၀) တက်ရောက်ဘွဲ့ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ (၁၁၂)ဦး၊ မဟာပညာရေးဘွဲ့ အပတ်စဉ်(၂၁) အဝေးရောက်ဘွဲ့ (၂၀၁၉- ၂၀၂၀) ပညာသင်နှစ်၊ ကျောင်းသား/ ကျောင်းသူ(၈)ဦး၊ မာလ်တီမီဒီယာ အတက်ပညာ ဘွဲ့လွန် ဒီပလိုမာ (ပညာရေး) အပတ်စဉ်(၂၀) အဝေးရောက်ဘွဲ့(၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ(၂၁)ဦးတို့အား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့လက်မှတ်များ အပ်နှင်း ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်