ဘုတ်ပြင်းမြို့နယ် အောက်လိပ်ကျေးရွာတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်

ဘုတ်ပြင်း ဖေဖော်ဝါရီ   ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်  ကြက်ခြေနီအသင်းက ဦးဆောင်၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (/၂၀၂၂) သင်တန်းဖွင်ပွဲကို ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်()နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရ သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေလင်းအောင် သင်တန်းအဖွင့်အမှာ စကားပြော ကြားသည်။ ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းကျော်က ကြက်ခြေနီစေတနာလုပ်အားရှင် တိုးပွားရေး၊ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။ သင်တန်းသို့ ထောက်ခမက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်း သား သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါသင်းတန်းတွင် သင်တန်းနည်းပြ ()ဦးက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ ရှေးဦးပြုစုအခြေခံ သဘောတရား၊ သွေးဆုတ်သွေးလန့် ဖြစ်ခင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးယိုးစီးခြင်း၊ အရိုး ကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာများ၊ ကိုင်ဆောင်ခြင်းနှင့် သယ်ဆောင် နည်းများ၊ အခြေခံ အသက်ကယ် အထောက်အကူပြုနည်း စသည့်ဘာသာရပ်များကို  ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)