သာပေါင်းမြို့တွင် စတိုးဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချရေး ရှောင်တခင်စစ်ဆေး အသိပညာပေး

သာပေါင်း ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့က ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ စတိုးဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာရောင်းချရေး ရှောင်တခင် စစ်ဆေး အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့   ရှောင်တခင်  စစ်ဆေးရာတွင်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော် ကျော်၊ ကျန်းမာရေးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့က ဝန်ထမ်းတို့ကစတိုးဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင် ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာရမည့် အချက်များ အပေါ် လိုက်နာရောင်းချနိုင်ရေး စစ်ဆေးကြပြီးဆိုင်အရှေ့တွင် လက်သန့်ဆေးရည်၊ ဆပ်ပြာရည်နှင့် လက်ဆေး ဘေစင်ထားရှိရေး နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်၍ ရောင်းချရန် စျေးဝယ်ယူသူများကိုလည်း (Mask) တပ်ဆင်ပြီးမှ ဝယ်ယူစေရေး၊ ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး နည်းလမ်းများကို မပျက်မကွက်လိုက်နာ ပေးကြပါရန် အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

မျိုးဇော်သိန်း