ခင်ဦးမြို့၌ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့

ခင်ဦး ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ် ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်း()သင်းတို့ကို ပါးစပ်၊ နှာခေါင်းစည်း၊ PPE Aprom လက်သန့်ဆေးရည်နှင့် အသင်းတစ်သင်းလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)