ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စု၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး

ပလောက် ဩဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထ​ွေထွေရွေးကောက်ပွဲ အောင်မြင်စွေကျင်းပနိုင်ရေးအတွက် မှန်ကန်သောမဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များကျန်ရှိမှုမရှိစေရေး ယမန်နေ့နံနက်(၈)နာရီက ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ပလောက်မြို့  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ တာ၀န်ခံနှင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊  ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ကျေးရွာစာရေးတို့ ပူးပေါင်း၍ ကျေးရွာအုပ်စု အတွင်းရှိ မဲရုံများဆောင်ရွက်ထားရှိမှု၊စာသင်ကျောင်းများနှင့် မဲဆန္ဒရှင်စာရင်း၊ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် ကျေးရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်