လေးမျက်နှာမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်တံတား၊ Box Culvert တည်ဆောက်နေမှုနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

လေးမျက်နှာ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လတာကာလအတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်တံတား၊ Box Culvert တည်ဆောက်နေမှုနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများအား ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့်အဖွဲ့မှ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့နံနက်ပိုင်း၌ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့်အဖွဲ့သည် ရွှေသက်စိုးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော ဝါးတောကွင်းကျေးရွာအုပ်စု ဝါးတောကွင်းကျေးရွာရှိ ကျေးလက်ကုန်ထုတ်တံတားနှင့် Box Culvert (၃)စင်း တည်ဆောက်နေမှုနှင့် Frind's Power ကုမ္ပဏီမှဆောင်ရွက်သော ကိုးတဲကျေးရွာအုပ်စု ကိုးတဲကျေးရွာနှင့် ဝတ်ကုန်းကျေးရွာအုပ်စု တုံးတောကျေးရွာရှိ ကျေးလက်ရေပေးရေးလုပ်ငန်းများအား သတ်မှတ်ကာလ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အရည်အသွေး ပြည့်ဝခိုင်မာမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။ ဝါးတောကွင်းကျေးရွာအုပ်စု ဝါးတောကွင်းကျေးရွာရှိ ကျေးလက်ကုန်ထုတ်တံတားနှင့် Box Culvert (၃)စင်းတို့အား (၁၂-၁၂-၂၀၂၁)တွင် ရွှေသက်စိုးကုမ္ပဏီမှ ကျေးလက်ကုန်ထုတ်တံတားအား နိုင်ငံတော် ခွင့်ပြုဘဏ္ဍာငွေကျပ် (၃၅.၀၉)သန်းဖြင့် လည်ကောင်း၊ Box Culvert (၃)စင်းတို့အား နိုင်ငံတော်ခွင့်ပြုဘဏ္ဍာ ငွေကျပ် (၁၀.၂)သန်းတို့ဖြင့်လည်ကောင်း စတင်အကောင်အထည်ဖော် တည်ဆောက်ပြီး ယခုအခါတွင် ကျေးလက်ကုန်ထုတ်တံတားမှာ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ Box Culvert (၃)စင်းမှာ ၉၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ကိုးတဲကျေးရွာအုပ်စု ကိုးတဲကျေးရွာနှင့် ဝတ်ကုန်းကျေးရွာအုပ်စု တုံးတောကျေးရွာရှိ ကျေးလက်ရေပေးရေး လုပ်ငန်းများအား (၁၁-၁၂-၂၀၂၁)ရက်နေ့မှစတင်၍ နိုင်ငံတော်ခွင့်ပြုဘဏ္ဍာငွေကျပ် (၁၀.၉၉၅)သန်းဖြင့် Frind's Power ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိကာ ယခုအခါတွင် လုပ်ငန်းအားလုံး၏ (၇၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများအတွက် အဆင်ပြေမည်ဖြစ်ကာ ကျေးလက်ကုန်ထုတ်လမ်းများမှတစ်ဆင့် လယ်ယာထွက်ကုန်များ စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး ကျေးရွာနေ ပြည်သူများအတွက် များစွာအကျိူးပြုမည်ဖြစ်သည်။

ကျော်ဟိန်း