အင်္ဂပူ၊ ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ဝက်လဟာကျေးရွာအုပ်စုနှော ကုန်းကျေးရွာ၌ ယမန်နေ့ည ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်ကမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ အင်္ဂပူမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မဲဇလီကုန်းမြို့မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ညောင်ကျိုးဒေသမီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး စုစုပေါင်း(၃)စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)