ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

ပေါက်ခေါင်း   ဖေဖော်ဝါရီ   ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို သက်သာလျော့ နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာစုရပ်များ အလိုက် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိအကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိသည့် အသက်၁၈နှစ်နှင့်အထက် ဒေသခံပြည်သူများအား ယမန်နေ့က ပေါက်ခေါင်းမြို့ လေးမျက်နှာဇာတ်ရုံတွင် ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ဒေသခံပြည်သူ ၃၃၀ ဦးတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covishield) ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး၊ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာ‌ရေး ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)