အထက်မင်းလှ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး မြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအဖွဲ့မှ နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မင်းလှမြို့အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ၊ မော်တော် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဝင်ထွက်သွားလာမှုတွင် တာဝန်ရှိသူများအဖွဲ့က ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ မေးမြန်းခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေးတို့ကို စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)