ရွှေတောင် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက အမှတ်စဉ် ၅ / ၂၀၂၂အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဆင်းပွဲကိုကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့ နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကေျာင်းအုပ်ဆရာမကြီး ဒေါ်မဥ္ဓူဝင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆိုပါသင်တန်းသို့ သင်တန်း(၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၆.၂.၂၀၂၂)မှ (၂၅.၂.၂၀၂၂)ထိ (၁၀)ရက်ဖွင့်လှစ် သွားမည်ဖြစ်ပြီး မိသားစုအတွက် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ကိုင်နိုင်ရန်ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)