သာပေါင်း ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရွှေဇံအိုးကျေးရွာအုပ်စု၊ ရေစမ်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အားကစားအသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ၊ Mask များ၊ လက်သန့်ဆေးရည်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချိုသဲမှ အားကစားဆို သည်မှာ အင်အားနှင့် ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုဖြစ်ကြောင်း၊ အားကစားနည်း (၄)မျိုး မှာယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစားတို့ဖြစ် ကြောင်း၊ အလေ့အကျင့်တစ်ခုခုကို အမြဲမှန်မှန် လှုပ်ရှားကစားခြင်းသည် လေ့ကျင့်ခန်းဖြစ်ပြီးအား ကစားအမျိုးမျိုးထဲမှ သဘာဝအကျဆုံးနှင့် အရိုးရှင်းဆုံး အားကစားလေ့ကျင့်ခန်းသည် လမ်းလျှောက်ခြင်းဖြစ်ကြောင်းနှင့် အားကစားသိပ္ပံကျောင်း ဖွင့်လှစ်ထားရှိပြီး တတ်ရောက်သင်ကြား နိုင်ရေး စီစစ်ခေါ်ယူ၍ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်လာရေး ရည်ရွယ်ဆောင်ရွက် ပေးလျက်ရှိနေခြင်းများအား အသိပညာပေး ဟောပြောခဲ့ပြီးနောက် ဘောလုံး(၃)လုံး၊ Mask (၅)ဘူး၊ လက်သန့်ဆေးရည် (၂)ဘူးတို့ကို ရေစမ်းအလယ်တန်းကျောင်း အုပ်ဆရာကြီးထံသို့ လှူဒါန်း ပေးအပ်ခဲ့သည်။
ထို့နောက် ရွှေဇံအိုးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရေစမ်းအလယ်တန်းကျောင်းအုပ် ဆရာကြီးတို့က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြပြီး Myanmar Fitness Dance အကနည်း ပြ ဆရာမ ဒေါ်နှင်းသီတာလှိုင်မှ ကျောင်းသား၊ ကျောင်းသူများအား အကနည်းစနစ် သရုပ်ပြ သင်ကြားပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်