အင်္ဂပူ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကူးစက်မှုပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူစည်ကား ရာနေရာဖြစ်သည့် အင်္ဂပူ (မြို့မ)စျေးအတွင်း၌ စျေးရောင်း၊ စျေးဝယ်သူများ၊ စျေးသူ၊ စျေးသားများအား (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ကာ စျေးရောင်း၊ စျေးဝယ်ကြခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ နံနက်(၉)နာရီက လူစည် ကားချိန်အတွင်း မြို့နယ်စီမံအချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ စည်ပင် အမှုဆောင်အရာရှိနှင့် ဈေးကော်မတီများ၊ စည်ပင်ဝန်ထမ်းများမှ စျေးအတွင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အင်္ဂပူမြို့မစျေးအတွင်းရှိ စျေးရောင်း၊ စျေးဝယ်သူ များ နှာခေါင်းစည်း တပ်ဆင်ရေး၊ စျေးဆိုင်ခန်းများတွင်း အကာများ ပြုလုပ်ရေးနှင့် စျေးသို့ လာရောက်ကြသူများ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ အသား၊ ငါးတန်းများ၌ စျေးရောင်းချသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း စနစ်တကျ ရောင်းချကြရန်၊ စျေးဝယ်သူရော ရောင်းသူပါ ပါးစပ်ပိတ် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာလျှင် ရောင်းဝယ်ကြရန် စစ်ဆေး ကြပ်မတ်ပြီး စျေးသူ၊ စျေးသား၊ ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)