ကံမမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများနှင့်(COVISHIELD) နှစ်ကြိမ်ထိုးနှံပြီးသူများအား (Booster) ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကံမ  ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများနှင့် ကာကွယ်ဆေး (COVIDSHIELD) နှစ်ကြိမ် ထိုးနှံပြီးသည့်  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်သာသနာ့ ဗိမာန်တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)