ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၄
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးမိသားစုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်နှင့်ဝန်ထမ်းများက မာန်အောင်ပရိယတ္တိတိုက် စာသင်တိုက်ကျောင်းထိုက် ဆရာတော် ဘဒ္ဒန္တဂုဏိဿရထံသို့ ဆန် (၂၄)ပြည့်ပါ ဆန်(၉)အိတ်အား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)