ရေဖြူ ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရေဖြူမြို့နယ် ကြက်ခြေနီအသင်းက ဦးဆောင်၍ ရှေးဦးသူနာပြု ကြက်ခြေနီသင်တန်းကို ကလိန်အောင်နှင့် ကံပေါက်ဒေသတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းဆိုင်ရာ သဘော တရားများ၊ ကိုဗစ်-၁၉ လူနာများအား ရှေးဦးပြုစုခြင်း၊ မိသားစုပြန်လည်ဆက်သွယ်ခြင်း၊ ကျောရိုးဒဏ်ရာရှိသူ ပြုစုခြင်း၊ လူနာသယ်ဆောင်နည်းစသည့် ဘာသာရပ်တို့ကို ရေဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် နည်းပြ(၄) ဦးဖြင့် ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းများမှာ ဖေဖော်ဝါရီ(၂၀) ရက်မှ (၂၄) ရက်နေ့အထိ (၄) ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ကလိန်အောင်ဒေသနှင့် ကံပေါက်ဒေသတို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း ရှိကြောင်းသိရသည်။
ခတ္တာ(ရေဖြူ)