ဒေးဒရဲမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ဒေးဒရဲ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား ဝန်ထမ်းများအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက စတင်၍ ယနေ့အထိ အငြိမ်းစား ဝန်ထမ်းပင်စင်လစာများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ပင်စင်စားဝန်ထမ်း (၁၀၀၉)ဦးရှိပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ မွန်းလွဲ (၂)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည် ဖြစ်သည်။ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စား ဝန်ထမ်းများအား မတ်လလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း