ထားဝယ် ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း တိုင်းဒေသ ကြီး သမဝါယမဦးစီးဌာနက ဝန်ထမ်းများနှင့် ပြည်သူများအား အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းအနေဖြင့် ယခုအခါတွင် ဒေသအတွင်း ကုန်စျေးနှုန်း တည်ငြိမ်ရန်နှင့် စားသုံးသူပြည်သူများ အဆင်ပြေသက်သာစေရန်အတွက် ဆန်နှင့် စားသုံးကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းကို ဆက်လက်ရောင်းချပေးနေပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် စားအုန်းဆီသုံးစွဲမှု နည်းပါးတာကိုတွေ့ရပါကြောင်း၊ အထူး သဖြင့် တစ်ဖက်နိုင်ငံကလာသည့် ပဲလုံးဆီ၊ ပုစွန်နှစ်ကောင်ဆီများကို စားသုံးများသည်ကို တွေ့ရသည့်အတွက် ပြည်ပဝယ်ယူ စားသုံးမှု အနေဖြင့် လူတစ်ဦး ၁. ၂၅ ကျပ်သား စားသုံးပါက လူဦးရေ(၁၀)သိန်းအတွက် (၁)ရက် ၁၅၅ တန် (၁)လ ဆီတန်ချိန် (၄၆၅၀)တန် တင်သွင်းသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကျန်းမာရေးနှင့် ညီညွတ်သော မန္တလေးတိုင်း ညောင်ဦးဒေသနှင့်မကွေးတိုင်း သမဝါယမအသင်းများက ထုတ်လုပ်သော နှမ်းဆီ၊ မြေပဲဆီများဖြင့် စျေးကွက်လိုအပ်ချက်များကို ပြည့်မီရန် တနင်္သာရီတိုင်းအတွင်း ပြည်တွင်းထုတ်လုပ်သော မြေပဲဆီသန့်သန့်ကို ရောင်းချရန် ကြိုးစားဆောင်ရွက်ပေးနေ ပါကြောင်း၊ ထားဝယ်မြို့နယ်တွင် ယခင်တိုင်းသမဝါယမဦးစီးဌာနနှင့် တိုင်းအသင်းစုချုပ်တို့က လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချဆောင်ရွက်ခဲ့ပြီး ယခုအခါ ဗျောတောဝရပ်ကွက်၊ အာဇာနည်လမ်းမကြီးနံဘေး ဆဲဗင်းဒေး ရောင်းဝယ်အသင်း၊ ဒေါင်းငူရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ညနေစျေး၌ မြိုနယ်အသင်းစု ဆိုင်ခွဲကို ထပ်မံဖွင့်လှစ်ပြီး ရောင်းချပေးလျက်ရှိပါကြောင်း၊ အလားတူကျန်သည့်မြို့နယ်(၉)မြို့နယ်များတွင် ဆန်နှင့် ကုန်မျိုးစုံအရောင်းဆိုင် ဖွင့်လှစ်ရောင်းချရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက ပြောကြားသည်။
သမဝါယမဦးစီးဌာနက ပြည်သူများ၏ စားဝတ်နေရေးအထောက်အကူပြုစေရန် ဒေသအတွင်း ဝန်ထမ်း များနှင့် ပြည်သူများအား ဧရာဝတီပေါ်ဆန်း(၁၂)ပြည်အိတ် ၂၅၀၀၀၊ ပုသိမ်ဇီယာ ၁၆၀၀၀၊ မော်လမြိုင် ဇီယာ(၁၂)ပြည်အိတ် ၁၄၅၀၀၊ ပေါ်ဆန်း (၁၂)ပြည်အိတ် ၂၃၅၀၀၊ ညောင်ဦးမြေပဲဆီ (၁ပိဿာ) ၇၈၀၀၊ စားသုံးဆီ ပုဇွန်နှစ်ကောင်ဆီ(၂လီတာ) ၇၄၀၀၊ ပဲလွန်းဆီ(၂လီတာ) ၇၈၀၀၊ နှုန်းဖြင့် ရောင်းချပေးလျက် ရှိကြောင်းသိရှိရသည်။
ရွှေပင်လယ်(ထားဝယ်)