ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ပေါင်းတည် ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်ခွဲ၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  ဆက် လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်ထုတ်ပေးရာတွင် မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူ(၃၀၀၀)ဦးရှိပြီး လစဉ် ၂၁ ရက်မှ ၂၃ ရက်အထိ နေ့စဉ်နံနက် ၇ နာရီခွဲအချိန်မှ စတင်ထုတ်ပေးပြီး နောက်ပိုင်းရက်များတွင် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်အတွင်း ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူရာတွင် နားနေရန်ရုံးရှေ့၌ နားနေဆောင် စီစဉ်ထားရှိပေးထားကြောင်းနှင့် ယနေ့လာရောက်ထုတ်ယူသူ (၁၃၆)ဦးရှိကြောင်း မြန်မာ့စီးပွါးရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)