စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရတနာစေတီ ဆင်များရှင်ဘုရားကြီး စိန်ဖူးတော်တင် လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

စစ်ကိုင်း ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရတနာစေတီ ဆင်များရှင် စေတီတော်ကြီးအား သီတဂူဆရာ တော်ဘုရားကြီး ဦးဆောင်ဩဝါဒ လမ်းညွှန်မှုဖြင့် စေတီတော်ကြီးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စိန်ဖူးတော်အသစ် တင်လှူပူ ဇော်နိုင်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဘုရားကြီး ရင်ပြင်တော်ရှိ ဓမ္မရုံတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က လာမည့် တပေါင်းလဆန်း(၁၃)ရက်နေ့တွင် စိန်ဖူးတော်ကြီးတင်လှူ သွားမည်ဖြစ်ပြီး တပေါင်းလပြည့်နေ့တွင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် စိန်ဖူးတော်တင် ရေစက်ချမင်္ဂလာ အခမ်းအနားနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းသွားမည့် အခြေအနေများကို ဆွေးနွေးပေးခဲ့ပြီး ဘုရာဂေါပကအဖွဲ့ဥက္ကဋ္ဌက စိန်ဖူးတော်အသစ် တင်လှူသွားမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့ကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ကျန်းမာရေး၊ လုံခြုံရေး၊ ယာဉ်ရပ်နားမှု အခြေအနေများကို တင်ပြဆွေး နွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆင်များရှင် စေတီတော်ကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက လှုပ်ခတ်ခဲ့သော ငလျှင်ဒဏ် ကြောင့် လုံးပတ်တော်များ အက်ကွဲခြင်း၊ ထီးတော်မှ အရံစိန်ဖူးတော်များ မြေခခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး သီတဂူဆရာတော်ကြီး၏ ဦးဆောင် လမ်းညွှန်မြွတ်ကြားမှုဖြင့် ဘုရားဂေါပက အဖွဲ့များက ၂၀၁၈ ခုနှစ်မှ စ၍ အကြီးစားပြုပြင် မွန်းမံတော်မူခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်