မြောင်းမြ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ကိုဗစ်၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး (Mask Campaign) ကို လူစည်ကားရာနေရာများ၊ ဈေးများ၊ ကျောင်းများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့ရှိ ကျေးရွာများဖြစ်သည့် ရေကျော်၊ ကံကြီး၊ ပြင်ရွာ၊ စကမြား စသည့် ကျေးရွာအုပ်စုများရှိ ဈေးများ၊ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် ကျေးလက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများအား Mask များ အခမဲ့ဖြန့်ဝေခြင်း၊ (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေကြသော ပြည်သူများအား ကျန်းမာရေး အသိပညာပေးပြောကြားခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်ဂိတ်များတွင် RDT Test Kits ဖြင့် စစ်ဆေးခြင်း၊ Mask Campaign များ ပြုလုပ်ခြင်းများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်/ဆက်