မြန်အောင် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ် ရပ်ကွက်များအတွင်း အိမ်ခြေသိပ်သည်းသော နေရာများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ်(၄)ရပ်ကွက် အတွင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုသူ၏ လမ်းညွှန်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးသန်းဝင်းအောင် ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၄)ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရ သောနေရာများသို့ သွားရောက်စစ်ဆေးပြီး နွေရာသီမီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်