ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) အစိုးရဝန်ထမ်းများအား ပင်စင်လစာငွေ များ ထုတ်ပေးလျက်ရှိ

ပန်းတနော် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် (အငြိမ်းစား) အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ ပင်စင်စားများ ပင်စင်လစာငွေ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ (၂၁)ရက်မှ လကုန်ရက်အထိ နေ့စဉ် နံနက် (၈)နာရီမှ ညနေ(၃)နာရီအထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်များ၌ လာရောက် မထုတ်ယူနိုင်သော ပင်စင်စားများအား မတ်လဆန်ပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း  လာရောက် ထုတ်ယူနိုင်ပြီး  ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ (၁၀၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။

ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်ကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့် အညီ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)