နတ်မောက်မြို့၌ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမသုတ် (ပထမအကြိမ်) ဆက်လက်ထိုနှံပေးလျက်ရှိ

နတ်မောက် ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် နတ်မောက်မြို့နယ် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်း များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအတွက် သတ္တမအသုတ် (ပထမအကြိမ်) ကာကွယ်ဆေး ပြန်လည်ထိုးပေးရန် ပြည်သူများအတွက် ဆေးပုလင်းအလုံးရေ (၃၀၉၀) လုံးရရှိပြီး ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၂) ရက်နေ့အထိ ပြည်သူ (၈၆၉)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိ နေသည့် ပြည်သူများအား မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက စဉ်ဆက်မပြတ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းမြတ်