ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် နှာခေါင်းနှင့်ပါးစပ်စည်း (Mask) များနှင့် အသိပညာပေး စာစောင်များ အခမဲ့ဖြန့်‌ဝေ

ကမမောင်း  ဖေဖော်ဝါရီ      ၂၃

ကရင်ပြည်နယ်၊  ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် နှာခေါင်းနှင့် ပါးစပ်စည်း (Mask)များနှင့်  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ကာ သံလွင်ဦး မြို့မဈေး၌  ယနေ့နံနက် (၈) နာရီအချိန်က  ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ကြရာ သံလွင်ဦး မြို့မဈေး၌ဈေးရောင်း၊ဈေးဝယ်သူများ၊ ဈေးအနီးဖြတ်သန်းသွား လာနေကြသည့် ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းနှင့်ပါးစပ်စည်း (Mask) အခု (၅၀၀)၊ ကိုဗစ်-၁၉ ရောဂါ မျိူးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာ ပေးလက်ကမ်းစာစောင် (၃၀၀)တို့ကို  အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး  ကိုဗစ်-၁၉ ရောဂါကူးစက်မှု မခံရစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာတိုင်း နှာခေါင်းနှင့်ပါးစပ်စည်း (Mask)အား  စနစ်တကျ တပ်ဆင်ကြရန် အသိပေးပြောကြားခဲ့ကြကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)