ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး  ဖေဖော်ဝါရီ   ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ အား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ် အမျှော် အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ် ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ၊ ရသ၊ စာအုပ်စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ၌ အပတ်စဉ်ရုံးဖွင့်ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ ဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာမြို့မဈေးအတွင်းသို့ သွား‌ရောက်ပြီး စာဖတ်၊ စာငှား၊ ဈေးသူ၊ ဈေးသားများအား သုတ၊ ရသ ကာတွန်းရုပ်ပြများနှင့် ၎င်းတို့ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး