ပဲခူး ဖေဖော်ဝါရီ ၂၂
ပဲခူးမြို့ မြို့မစျေးရှေ့လမ်းဆုံ၌ ယနေ့နံနက်(၀၈:၃၀)နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌက စီမံကြီးကြပ်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask) တပ်ဆင်ရန် အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာစေရန်၊ ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ ဒဏ်ငွေများ ပေးဆောင်စေခြင်းများနှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း၊ အသိပညာပေးဆောင်ရွက်မှုကို ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ ဆောင် ရွက်သွားမည်ဖြစ်ပြီး နှာခေါင်းစည်း(Mask) အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအထိ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)