ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း

ဘားအံ   ဖေဖော်ဝါရီ    ၂၂

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရား သူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြား ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲခန့်က ပြည်နယ်တရားလွှတ် တော်အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုမှ ပြည်ထောင်စုတရားသူကြီးချုပ်က အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မျှတမှန်ကန်စွာ အမြန်စစ်ဆေး ပြီးပြတ်စေရေး၊ လက်အောက်တရားရုံးများကို စိစစ်ကြပ်မတ်ပြီး မှားယွင်းချွတ်ချော်မှုများ ပြင်ဆင်တည့်မတ်ပေးရေး၊ သီးသန့်တရားရုံးဖြင့် စစ်ဆေးနေသည့်အမှုများ ကြန့်ကြာမှုမရှိ မှန်ကန် မြန်ဆန်စွာ စစ်ဆေးပြီးပြတ်စေရေး၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်နှင့် ၂၀၂၂ ခုနှစ် တရားစီရင် ရေးမဟာဗျူဟာစီမံကိန်း ပဥ္စမနှစ် လုပ်ငန်းအစီအစဉ်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်စေရေး စသည့် လမ်းညွှန်မှာကြားချက် များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီး မှူးနှင့် ပြည်နယ်တရား လွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)