ညောင်တုန်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် ၁၁နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြှင့်မားလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက် မငှားရမ်းနိုင်သည့် ဝန်ထမ်များအတွက် ရည်ရွယ်၍ သုတ၊ ရသစာအုပ်များ စုစုပေါင်း(၃၅)အုပ်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးကြောင်းသိရသည်။
ထက်ဝေဖြိုး (ပြန်ဆက်)