ညောင်တုန်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) တင်ဆင်ရေး အရှိန်အဟုန်မြှင့်ဆာင်ရွက်

ညောင်တုန်း      ဩဂုတ်      ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက လမ်းမတော်လမ်း၊ လူစည်ကားရာ နေရာများနှင့် ရပ်ကွက် (၁၀) ခုတို့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ (Mask) တပ်ဆင်ရေးအသိပညာပေးကော်မတီမှ အဖွဲ့ခေါင်း ဆောင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအား ကြေညာပေးခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်းများဝေငှပေးခြင်းနှင့် တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)