ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပန်းတနော်  သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားကြရန် အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုကို ယနေ့ နံနက် ၈နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ လူမှုရေးအဖွဲ့အစည်းများက ပန်းတနော်မြို့နယ် ပြည်သူများအနေဖြင့် အပြင်ထွက်ခွာရာ၌ နှားခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရန် ကိုဗစ်-၁၉ မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာရန် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး လမ်းဆုံးလမ်ခွနေရာများ၊ လူစည်ကားသည့် နေရာများနှင့် စည်ပင်သာယာရေး စျေးအတွင်း စျေးရောင်း/စျေးဝယ် ပြည်သူများအား နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)