သရက်ချောင်းမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိဘအသိပညာပေး သင်တန်းဖွင့်လှစ်

သရက်ချောင်း    ဖေဖော်ဝါရီ   ၂၂

ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိဘအသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ မူလတန်းကြိုကျောင်း ရည်ရွယ်ချက်များ၊ မူကြိုအရွယ်ကလေးငယ်များအတွက် လိုအပ်ချက်များ၊ ဖွံ့ဖြိုးမှုနယ်ပယ်(၅)ရပ်၊ ကလေးငယ်များ၏ တွေ့ကြုံခံစားမှုများမှ သင်ယူကြကြောင်းနှင့် သင်ကြားနည်း (၄)နည်းအကြောင်း များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးသည်။ သင်တန်းဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူမိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။

နန်းခလိုက်(သရက်ချောင်း)