လက်ပံတန်း ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက် ခြင်းကို ယနေ့ နံနက် ၈ နာရီက မဟာဗျူဟာလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လူငယ်ရေးရာ ကော်မတီဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးပြီး Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Mask များ အခမဲ့ဝေငှ၍ ချက်ချင်း တပ်ဆင် စေပြီး စနစ်တကျ တပ်ဆင်ထားခြင်းမရှိသူများ စနစ်တကျ တပ်ဆင်စေ၍ ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေး ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး