ကလေးမြို့နယ် ကျွန်းတောကျေးရွာတွင် ဧရာမင်းမိုးစပါး(Fs-Rs)မျိုးစေ့ထုတ်စိုက်ခင်းအား ပေါင်းမြက်ရှင်းလင်း

ကလေး ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ကျွန်းတောကျေးရွာတွင် ကိုဗစ်-၁၉ကြောင့် စီးပွားရေးထိခိုက်မှုအပေါ် သက်သာရေးစီမံချက် (CERP)အရ မျိုးစေ့ထုတ်စံပြစိုက်ခင်းများမှ မျိုးကောင်းမျိုးသန့်များရရှိကာ တောင်သူလယ်သမားများထံ ဆက်လက်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ ဧရာမင်းမိုးစပါး(FS-RS)  မျိုးစေ့ထုတ် စိုက်ခင်းအား ယနေ့နံနက် ၈နာရီအချိန်က တောင်သူ ဦးမြင့်နိုင်၏လယ်ကွင်းတွင် ပေါင်းမြက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းအား ပေါင်းမြက်ရှင်းလင်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းများက တက်ရောက်လာကြသည့် တောင်သူလယ်သမားများအား ပေါင်းမြက်ရှင်းလင်ရာတွင် သိရှိရမည့်အကြောင်းအရာများ၊ စိုက်ပျိုးရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)