ကရသူရိ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများနှင့်ဆရာ/ဆရာမများ အိုမီခရွန်ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းအုပ်ဆရာကြီးတို့က ဦးစီး၍ မြို့အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲတပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ကပူးပေါင်းပါဝင်ပြီး အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဝန်းအတွင်း/အပြင်၊ စာသင်ခန်းများနှင့် ရုံခန်း အသီးသီးတို့ကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပိုးသတ်ဆေးရည်များ ဖြန်းပေးခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)