လေးမျက်နှာမြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လေးမျက်နှာ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign နှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်းကာ လမ်းဆုံ လမ်းခွများ၊ စျေးများ၊ ဆိုင်ခန်းများသို့ လိုက်လံ၍ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်းနှင့် မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိလာခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုများပြားလာသဖြင့် ဈေးရောင်းချသူ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အလေးထားလိုက်နာကြရန်နှင့် လူစည်ကားရာ ဈေးအတွင်း ကိုဗစ်ကူးစက်နှုန်း များပြားစွာဖြစ်နိုင်သဖြင့် ဂရုစိုက်ရောင်းဝယ်ကြရန် အသိပညာပေး ပြောကြားသည်။

ကျော်ဟိန်း