ရေကြည် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း မြင့်မား နေမှုကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် ကူးစက်မှုနှုန်းကျဆင်းစေရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ပိတောက်ချောင်လမ်းဆုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် လည်းအသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေစဉ်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိ ကျကျလိုက်နာဆောင်ရွက်စေရန်နှင့် နေအိမ်ပြင်ပထွက်လျှင်လည်း နှားခေါင်းစည်း တပ်ဆင်ရန် ၊ အိမ်တစ်အိမ်တွင် မဖြစ်မနေအပြင်ထွက်ရမည်ဆိုပါက အတက်နိုင်ဆုံး လူတစ်ဦးတစ်ယောက် သာ အပြင်ထွက်ကြပါရန်၊ ကိုဗစ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှု ခံယူကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ များကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)