ရွှေတောင် သြဂုတ် ၂၈
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန့်နေ့က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့ ထပ်မံရေဝင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ယွန်းတန်းရပ်ကွက်တွင် အိမ်ခြေ(၁၃၉)လုံးရှိ အိမ်ထောင်စု (၁၃၉)စု၊ လူဦးရေ (၅၆၇) ဦး၊ ကြာနီကန်ရပ်ကွက်တွင် အိမ်ခြေ(၄၅)လုံးရှိ အိမ်ထောင်စု (၄၇)စု၊ လူဦးရေ(၁၈၁)ဦး၊ သရက်တောရပ်ကွက်တွင် အိမ်ခြေ(၄၆)လုံး၊ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၁၆၃)ဦး၊ သောင်ပြင်ကုန်း ကျေးရွာ/ အုပ်စုတွင် အိမ်ခြေ(၂၅၁)လုံးရှိ အိမ်ထောင်စု(၂၅၁)စု၊ လူဦးရေ (၈၇၁)ဦး မင်းတဲကျွန်းအုပ်စုတွင် အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၃၀)ဦး ရှားပင်ကုန်းအုပ်စုတွင် အိမ်ခြေ(၃၁၅)လုံး၊ အိမ်ထောင်စု (၃၃၀)စု၊ လူဦးရေ(၁၂၄၁)ဦး ယင်းမူကုန်းအုပ်စု တွင် အိမ်ခြေ(၄၁၀)လုံး၊ အိမ်ထောင်စု(၄၁၆)စု၊ လူဦးရေ(၁၄၇၃)ဦး မမဲအုပ်စု တွင် အိမ်ခြေ(၆၆)လုံး အိမ်ထောင်စု(၆၆)စု၊ လူဦးရေ(၂၃၈)တို့တွင် ဧရာဝတီမြစ်ရေ ထပ်မံဝင်ရောက်ခဲ့ ကြောင်း သိရသည်။
ရေဝင်ရောက်မှုများအနက် သရက်တောရပ်ကွက်ရှိ အိမ်ထောင်စု(၈)စုသည် ရေလွတ်ရာ နေရာဖြစ်သော ရွှေကူကြီးဘုရားဝန်းရှိ ဓမ္မာရုံသို့ လည်းကောင်း၊ ကြာနီကန်ရပ်ကွက်ရှိ အိမ်ထောင်စု(၅)စုသည် ၎င်း၏ ဆွေမျိုးများ အိမ်သို့လည်းကောင်း၊ မင်းတဲကျွန်းအုပ်စုရှိ အိမ်ထောင်စု (၁၀)စုသည် ငါးဆူဘုန်းတော်ကြီး ကျောင်းဝန်းသို့ လည်းကောင်း ပြောင်းရွှေ့နေထိုင်လျက်ရှိကြပြီး ကျန်ရှိအိမ်ထောင်စု များမှာ ပြောင်းရွှေ့နေထိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)